Showing posts with label ပြောချင်တာက. Show all posts
Showing posts with label ပြောချင်တာက. Show all posts

Saturday, July 12, 2008

ဟယ်လို...အဲဗီးဘော်ဒီ

မင်္ဂလာပါပေါ့ဗျာ....။

မြန်မာဆိုတဲ့ နိင်ငံမှာ နေကြတဲ့ လူမျိုးတိုင်း ဒီစကားလုံးနဲ့ ကြားဖူးနားဝ ဆိုတာတော့ ရှိနေမှာ သေချာပါတယ်။ ဒါကလည်း မိရိုးဖလာကိုဗျ။ ဘလော့ဂ်လောကထဲ ဒီနေ့မှ စ၀င်လာတယ်ဆိုပေမယ့် ရင်းနှီးနေတာတော့ ကြာပြီဗျာ။ ဟိုဘလော့ဂ်ဖတ်ကြည့် ဒီဘလော့ဂ်ဖတ်ကြည့်နဲ့။ ကြာကြာပေါင်းတော့ အကြောင်းသိ ဆိုသလို ဖတ်ပါများလာတော့ ဟုတ်တာတွေရော မဟုတ်တာတွေရော တယ်လည်း သိလာရတယ်။ အဲ....ဒါနဲ့ပဲ မြင်ပါများတော့ ပြောချင်လာတယ်။ ပြောချင်လာတော့ ဘလော့ဂ်လေး လုပ်မိပါရောလား။

ကဲ...စပြီဗျို့။ စပြီးပြောတော့မယ်။ ကျုပ်ရေးမှာကတော့ ဘလော့ဂ်လောကမှာ ဖြစ်ပျက်နေတဲ့ ဟာတွေရယ် ၊ မြန်မာနိင်ငံမှာ ဖြစ်ပျက်နေတဲ့ ဟာတွေရယ် လောက်ပဲ ရေးမယ်လို့ စဉ်းစားထားတယ်။ ကျုပ်ဆိုလို့ ရိုင်းတယ်လို့တော့ မထင်နဲ့ဗျာ။ အသက်ကလည်း င်္သချိုင်းကို တဖက်နင်းထားတယ် ဆိုတော့ ဘလော့ဂ်လောကမှာ ကိုယ့်ထက်ငယ်တဲ့ လူတွေက များတယ် မဟုတ်လား။ ဒီတော့ ဒီစကား သုံးမိတာပါ။

ဘလော့ဂ်လောကမှာ အမျိုးအစား ၄ မျိုးရှိတယ်ဗျ။ ဒီမိုကရေစီအတွက် အော်နေတဲ့သူ ၊ ဒီမိုကရေစီကို လိုချင်လို့ ပြောနေတဲ့ လူတွေကို ပြန်လည် ပြောကြားတဲ့သူ ၊ စစ်သားဖြစ်ပေမယ့် သူ့ဟာသူ ဘလော့ဂ်ရေးတဲ့သူ ( ခင်ဗျားတို့ အခေါ် ဆိတ်ဗိုလ်လေးတွေပေါ့ ) ၊ နောက်တစ်မျိုးကတော့ ဘယ်ဘက်မှ မပါတဲ့သူ ၊ အဲ ဒါဆို ကျုပ်လို လူမျိုးက ဘယ်ထဲ ရောက်သွားမလဲ မသိဘူး။ ထားတော့ ထားတော့ ။ ဘယ်ထဲ ရောက်ရောက် ဒါဟာ အကြောင်းမဟုတ်ဘူး။ ကိုယ်ပြောချင်တာ ပြောရဖို့ပဲ အရေးကြီးတယ် မဟုတ်လား။

ဒီတော့ ဒီနေ့က စပြီး ဘလော့ဂ်လောကထဲကို ခြေစုန်ပစ်ဝင်လာခဲ့ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် ခင်ဗျာ။ မြန်မာ ဘလော့ဂ်ဂါများ ကျန်းမာလို့ ချမ်းသာကြပါစေ ။

အမှန်တရား