Sunday, July 13, 2008

နာဂစ် ဘာကြောင့် ဖြစ်သလဲ


နာဂစ်ဘာကြောင့် ဖြစ်သလဲ ။ ဟုတ်လား ။ အမေရိကန်က သမုဒရာထဲ ဗုံးခွဲလိုက်တာ ရေအောက်မှာ လှိုင်းထုကြီး ဖြစ်လာပြီး မြန်မာနိင်ငံကို လာပြီး ၀ါးမြိုသွားတာတွေ လာမပြောနဲ့။ ဒါတွေ ကျုပ်မသိဘူး။ ပထ၀ီဘာသာမှာ မြန်မာနိင်ငံ မြေမျက်နှာသွင်ပြင် ၊ တည်နေရာ အနေအထားနဲ့ ပြည်နယ်တိုင်း ၁၄ ပြည်နယ် ၊ ကမ္ဘာတိုက်ကြီးများ အကြောင်းသာ သင်လာဘူးတယ်။ ဒီတော့ ကျုပ်က ဒီလိုတွေးတယ် ။ လာမမေးနဲ့ ကျုပ်က မြန်မာလူမျိုး။ ဗုဒ္ဓသာသာကို သက်ဝင်ယုံကြည်သူ။


ပြီးခဲ့တဲ့ စက်တင်ဘာက ဘုန်းကြီးတွေ ပါဝင်ပတ်သက်ခဲ့တယ်။ နိင်ငံရေးမှာ ဘုန်းကြီးတွေ မပါဝင်သင့်ဘူး။ ထားပါ။ ဒါက ၀ိနည်းတော်နဲ့ ညှိနေတာလည်း ဖြစ်မှာပေါ့။ ပြောချင်တာက စစ်အစိုးရက ( စစ်သားများ အုပ်ချုပ်လို့ ) ဒါကို ကိုင်တွယ် ဖြေရှင်းတာ နည်းမကျတာ။ သူတို့ လိမ်မာရင်တောင် သာသနာဥသျှောင် ဆရာတော်တွေကို ခေါ်ပြီး ဟောထဲ ၊ ဒါမှမဟုတ် တစ်နေရာရာမှာ ဆွေးနွေးခိုင်း ။ ဆန္ဒပြတာက နည်းနည်း ။ အခုတော့ သူလုပ်လိုက်တာ သေတဲ့ဘုန်းကြီးက သေ ၊ ကျိုးတဲ့ ဘုန်းကြီးက ကျိုး ၊ ဘုန်းကြီးလည်း အတင်း သင်္ကန်းချွတ် လူဝတ်လဲ ထောင်ချ ၊ ဟ....တရားဝင်ကို လုပ်နေကြတာ။ ဒီလိုလည်း တီးလည်း တီးလိုက်ရော အားလုံးငြိမ်သွားတော့ အမယ် ဒင်းတို့က ပြန်ပြီး ဆည်းကပ် ကိုးကွယ်နေလိုက်တာ။ ရုပ်တည်ပဲ ။ ဒါဟာ သာသနာကို စော်ကားတာပါ။ ကိုယ်ယုံကြည်နေတဲ့ ၊ ကိုးကွယ်နေတဲ့ ဘာသာကို စော်ကားလိုက်တာ။ ကိုယ်က ဒီလို ကိုးကွယ်ပြီး ဒီလို လုပ်မှ့တော့ သူများ ဘာသာဝင်တွေက ဘာပြောမလဲ။ တော်ပြီ ဒီလောက်ပဲပြောမယ်။ ခေါင်းခေါက်ပြီး ငါလုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ ၊ ငါလုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ လက်တလော ငြိမ်သွားအောင် လုပ်မယ်ဆိုတဲ့ အတွေးမျိုးတွေနဲ့ လုပ်ချလိုက်တာ။ ငြိမ်တော့သွားတယ်။ အခုဘာဖြစ်လဲ။


လာပြီလေ။ သဘ၀ ဘေးတွေ။ နာဂစ် ၊ အခုရေတွေ ကြီးနေပြီ ချင်းတွင်းမြစ်က ။ ငလျင်ပြက်ရွှေ့ကြောကြီး ရှိနေတယ်တဲ့။ မီးလောင်တယ် ၊ ရေကြီးတယ်။ မုန်တိုင်းတိုက်တယ်။ ဘာကျန်ဦးမလဲ။ ငလျင်ပဲ ကျန်တော့တယ်။ ဟော ငလျင်ကြတော့ သူတို့အဖေ တရုတ်ကြီး သွားထိတယ်။ ဒီတော့ တရုတ်က လူလည်။ မြန်မာ နာဂစ်ကို အကြောင်း ပြုပြီး သူက သင်ခန်းစာယူတယ်။ ချက်ချင်း ကယ်ဆယ်ရေး ၊ ပြန်လည် နေရာချထားရေး ၊ ၀န်ကြီးချုပ်ကိုယ်တိုင် အားပေးစကားပြော ။ ဒါမျိုးတွေ လုပ်တယ်။ ဒီတော့ နိင်ငံတကာက ပါးစပ်ပိတ်နေလေရော။ ကြည့် သူတို့အေးဆေးပဲ။


ကျုပ်ကတော့ သာသနာကို စော်ကားလို့ ဒီလိုဖြစ်တာလို့ ထင်တယ်။ အုပ်ချုပ်တဲ့ မင်းတွေကလည်း အကျင့်စာရိတ္တ မကောင်းတော့ ဒင်းတို့ဒဏ် ပြည်သူတွေ ခံရတယ်။ အပေါ်က အမှန်အတိုင်းမေးလည်း အောက်က လိမ်ညာဖြေပြီး ပြောတယ်။ ဒီတော့ အပေါ်က ကောင်တွေကလည်း အဟုတ်ထင်တယ်။ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတာတောင် ရှိတယ် မဟုတ်လား။ အဲလိုဗျို့...အမြင်တွေ အမြင်တွေ။


No comments: